တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် နို့စားနွားမွေးမြူရေးအတွက် အစာစရိတ် ထောက်ပံ့ပေးအပ်


Ministry of Cooperatives and Rural Development/ Naypyitaw / May 12, 2026
image_latest


တံတားဦး မေ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စွမ်းထက်အောင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းအတွက် အစာစရိတ်ထောက်ပံ့ပေးခြင်းကို  အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင် က အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်တိုးတက်ရေး အတွက် ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နို့စားနွားမွေးမြူရေးအတွက် အစာစရိတ်များကို ဒေသခံ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သူငယ်တော်ကျေးရွာ စွမ်းထက်အောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းတွင် ဒေသခံ နို့စားနွားမွေးမြူသူ (၄၅) ဦး၊ နို့စားနွားကောင်ရေ (၁၇၇) ကောင်အတွက် တစ်ကောင်လျှင် ငွေကျပ် (၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၈၅,၀၀၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video