ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းဆွေးနွေးပွဲ


Ministry of Science and Technology/ Nay Pyi Taw / October 31, 2025


နေပြည်တော် အောက်တိုဘာလ ၃

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေး လုပ်ငန်းကော်မတီ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်တွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်၌ Digital Transformation သည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး AI စသော ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေပါကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အတိုင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဥ်ဆက်မပြတ်မြှင့်တင်ရေး၊ MSMEs များ ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ ပါ မိမိတို့ လုပ်ငန်းကော်မတီဆိုင်ရာ မဟာဗျူဟာမဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီအောင် လုပ်ငန်းစဥ်များကို သတ်မှတ်ကာလများ အတွင်း ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ခိုင်မာရေးနှင့် ပြည်သူ့ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးမည့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် စံအရည်အသွေးပြည့်မီသော ဒစ်ဂျစ်တယ်လူ့စွမ်းအားရင်းမြစ်များ ပျိုးထောင်သွားရန်၊ နည်းပညာအရွေ့များကို လိုက်မီသော AI ၊ Cybersecurity နှင့် Digital Citizenship ဆိုင်ရာ သင်တန်းများ၊ Digital Ethics ဆိုင်ရာ အသိပညာပေးပွဲများ မြှင့်တင်ဆောင်ရွက်သွားရန်၊ ပြည်သူများ၏ လက်ဝယ်အရောက် ဒစ်ဂျစ်တယ် နည်းပညာဖြန့်ဝေပေးမှုများ ဆောင်ရွက်သွားရန်၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းတို့မှ သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။

မိမိတို့ လုပ်ငန်းကော်မတီက ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း ၃၁ ခု၊ Private Sector ၄ ခုတို့ထံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၁၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လအထိ စစ်တမ်းသုံးခုဖြင့် ကောက်ခံထားရှိပြီး ဖြစ်ပါကြောင်း၊ လက်ခံရရှိပြီးသော အချက်အလက်များအား Analysis ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးဖြစ်သူ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေခြည်လဲ့လဲ့သိန်းက လုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စစ်တမ်းရလဒ်များကို သုံးသပ်ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ အရာရှိကြီးများ၊ ပြင်ပအဖွဲ့အစည်းများဖြစ်ကြသော UMFCCI၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ Myanmar Digital Economy Association တို့မှ အဆင့်မြင့်တာဝန်ရှိသူများက စစ်တမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ​​​​​​​

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No (14/ 2025)

Myanmar National Human Rights Commission / Posted on November 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023