ဒိုက်ဦးမြို့နယ် တရက်တောကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်ပေး


Ministry of Cooperatives and Rural Development/ Naypyitaw / May 18, 2026
image_latest


ဒိုက်ဦးမြို့နယ် တရက်တောကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်ပေး
==================================
ဒိုက်ဦး၊ မေ-၁၆
 
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင်အ ခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်း‌လျော့ကျလာစေရန်ရည်ရွယ်၍ တရက်တောကျေးရွာ၌ ဧကဒ ဿမအကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်း မှပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
    ရှေးဦးစွာ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့် ကြည်နှင့်ဝန်ထမ်းများက တရက်တောကျေးရွာရှိကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသားအသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါအကြောင်းအရာများ၊ စီမံကိန်းမူဘောင်နှင့်လုပ် ငန်းစဉ်များ၊ စီမံကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ကျေးလက်နေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။
     ဆက်လက်၍စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေး ငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကိုရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိက စီမံကိန်းရန်ပုံငွေကျပ် ၄၁ ဒဿမ ၆၀ သန်းကို တရက်တောကျေးရွာရှိ ကျေး ရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များထံသို့ လွှဲ ပြောင်းပေးအပ်သည်။
     ထို့နောက် ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံဝန် ထမ်းများ၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမှုဖြင့် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက တရက်တောကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၀၆ ဦးကိုချေးငွေကျပ် ၂၄ ဒဿမ ၉၀ သန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၇၇ ဦးကိုချေးငွေကျပ် ၁၆ ဒဿမ ၇၀ သန်း၊ စုစုပေါင်းအသင်းသားအသင်းသူ ၁၈၃ ဦးကို ဧကဒဿမအ ကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၁ ဒဿမ ၆၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းစီ၏လက်ဝယ်အရောက်အသီးသီးထုတ်ချေးပေးခဲ့ကြောင်း ဒိုက်ဦးမြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ကြည်ထံမှ သိရသည်။
ချိုလေး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Video