ဒီဂျစ်တယ်နည်းပညာနှင့် AI နည်းပညာ အသုံးချမှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူဆောင်ရွက်နေရန် လိုအပ်


Ministry of Information/ Naypyitaw / April 30, 2026
image_latest


နေပြည်တော် ဧပြီ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေး မှူးချုပ်က ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသန ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဇီဝနည်းပညာသည် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတို့နှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံတကာတွင်လည်း အလေးထားလုပ်ဆောင်လျက်ရှိပါကြောင်းနှင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီးအလိုက် တာဝန်ခံဆောင်ရွက်နေသော အဖွဲ့အစည်းများကို အထောက်အပံ့ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဒီဂျစ်တယ်နည်းပညာနှင့် AI နည်းပညာအသုံးချမှုများကို စဉ်ဆက်မပြတ်လေ့လာသင်ယူဆောင်ရွက်နေရန် လိုအပ်ပါကြောင်းမှာကြားပြီး ခင်းကျင်းပြသထားသော သုတေ သနလုပ်ငန်းများ၊ လက်တွေ့ခန်းများနှင့် စိုက်ပျိုးရေးမြေဆီလွှာ လက်တွေ့ဆန်းစစ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)ရှိ ငလျင်ဒဏ်သင့် ပင်မဆောင်များ လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျ ဖြိုဖျက်ဆောင်ရွက်နေမှုများ၊ စကေးကိုက် အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေး၍ အဆောက်အအုံအသစ်များ ထပ်မံဖြည်းဆည်းဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော Design Structure များဖြင့် ဆောင်ရွက်ရန်နှင့် နောင်အနာဂတ်တွင် ဖြည့်ဆည်းရမည့် လိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)နှင့် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(ရမည်းသင်း) သို့သွားရောက်၍ ငလျင်ဒဏ်သင့် အဆောက်အအုံ ဖြိုဖျက်နေမှုများ၊ စာသင်ခန်း၊ လက်တွေ့ခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စကေးကိုက် အကွက်ချပုံစံအပေါ် မှုတည်၍ ဘောလုံးကွင်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း

Ministry of Information / Posted on April 29, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း

Ministry of Information / Posted on April 29, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Video