ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပုသိမ်တက္ကသိုလ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ


Ministry of Education/ Naypyitaw / May 07, 2026


နေပြည်တော် ၂၀၂၆ မေလ ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ စာသင်ခန်းများတွင် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ (၂/၂၀၂၆) သင်တန်း သင်ကြားနေမှုများကို ကြည့်ရှုပြီး သင်တန်းသားများကို အားပေးစကား ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအားတွေ့ဆုံ၍ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ပုသိမ်ဆရာအတတ်ပညာ တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပြီး နောက်တွင်ထားရှိရမည့် ခံယူချက်စိတ်ထားနှင့် ဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ အပန်းဖြေရိပ်သာ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် တွေ့ဆုံကာ ပညာရေးမြှင့်တင်မှုအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ပုသိမ်တက္ကသိုလ် ဇီဝအရင်းအမြစ်နှင့် ဇီဝနည်းပညာဖွံ့ဖြိုးရေးဌာနသို့ သွားရောက်၍ သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေးမှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ချောင်းသာကမ်းခြေ၌ကျင်းပသော အဆင့်မြင့်ပညာ အဆင့် လူရည်ချွန်စခန်း(ချောင်းသာ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ လူရည်ချွန်မောင်မယ်များ အား အမှာစကားပြောကြားပြီး လူရည်ချွန်ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video