ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 19, 2026
image_latest


နေပြည်တော် မတ် ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်ကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက ပြတိုက်လုပ်ငန်းနှင့် ပတ်သက်၍ ယခင်က Collection Centered Period (ပြသပစ္စည်းများ စုဆောင်းမှုကို အဓိကထားသောခေတ်)၊ ယင်းနောက် Conservation Centered Period (ပြသပစ္စည်းများအား နည်းပညာဖြင့် ထိန်းသိမ်းမှုကို အဓိကထား သောခေတ်)၊ ထိုမှတစ်ဆင့် Visitor Centered Period (ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်းကို အဓိကထားသောခေတ်)၊ ယခုအခါ Digital Age သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ပြတိုက်များနှင့် ပတ်သက်၍ ယနေ့ခေတ် အာဆီယံနိုင်ငံများက ချမှတ်သည့် ပန်းတိုင်မှာ Creative Economy (တီထွင်ဖန်တီးတတ်သော စီးပွားရေး) ဖြစ်ပြီး Public နှင့်ဆက်စပ် သော ရိုးရာလုပ်ငန်းများ၊ အတတ်ပညာစသည့်လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ Tourism အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို အကျိုးပြုပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

စာကြည့်တိုက်လုပ်ငန်းနှင့်ပတ်သက်၍ မွန်လူမျိုးတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပတ်သက်သည့် စာအုပ်စာပေများ ဝယ်ယူစုဆောင်းရန်၊ ကလေးသူငယ်များ ဖိတ်ခေါ်၍ စာပေဗဟုသုတများ မျှဝေပေးရန်၊ အောင်မြင်‌သော ပြတိုက်နှင့် စာကြည့်တိုက်ဖြစ်စေရန်အတွက် လူစည်ကားနေရန်လိုအပ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထားသော ကျိုက်မရောမြို့နယ်ရှိ ခရုံဂူနှင့် ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ပထမနှစ်ခြင်းအသင်းတော်တို့ကို မူလလက်ရာမပျက် ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြခန်းများအား ကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက ပြသပစ္စည်းများအား ခင်းကျင်းပြသမှုအပိုင်းတွင် ပြသပစ္စည်းနှင့် ကိုက်ညီသည့် ပစ္စည်းများကို ယှဉ်တွဲပြသရန်၊ ဘတ်ဂျက်အနေအထားပေါ် မူတည်၍ ပြခန်းပြကွက်များရှိ တကွဲတပြားဖြစ်နေသော အောက်ခံအရောင်များကို တစ်ပြေးညီ ဖြစ်စေသည့် အရောင်များ၊ ပိတ်သားစများဖြင့် လဲလှယ်ခင်းကျင်းရန်၊ အများပြည်သူ ပိုမိုစိတ်ဝင်စားရန်အတွက် အလေးထားဆောင်ရွက်ကြရန်၊ ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတပိုမိုရရှိစေရေး ပြတိုက်နှင့် စာကြည့်တိုက်များမှ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန်၊ ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on January 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on January 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video