ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အရည်အသွေးမှန်ကန်မှုရှိစေရေး ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 16, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီချောဆီရောစပ်စက်ရုံများကိုသွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် စက်ရုံအသီးသီးမှ တာဝန်ရှိသူများက ပြည်ပမှစက်မှုကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌လိုအပ်နေသော စက်ဆီချောဆီအမျိုးမျိုး ရောစပ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအားနိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှု၊ စက်ဆီချောဆီ အမျိုးအစားများအလိုက် နိုင်ငံ တကာအသိအမှတ်ပြုလက်မှတ်များ ရယူဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ဆီချောဆီအရည်အသွေးမပြည့်မီမှုသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ရေရှည်အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာရှိလာမည်ဖြစ်သဖြင့် စက်ဆီချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများမှာယူရာတွင် အရည်အသွေးမှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျစာချုပ်ချုပ်ဆိုဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသိုလှောင်ခြင်း၊ ရောစပ်ထုတ်လုပ်ရာတွင် အတည်ပြုထားသောFormula နှင့်အညီ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့်ကုန်ချောများ၏ အရည်အသွေးတစ်သမတ်တည်း ဖြစ်စေရေး စစ်ဆေးကြပ်မတ်သွား ရန်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးဓာတ်ခွဲခန်းတွင် အလေးထားစစ်ဆေးကြသည့်အတွက် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း များ၏ အရည်အသွေးနှင့်စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။

အရည်အသွေး ပြည့်မီသော စက်ဆီချောဆီများကို သုံးစွဲသူပြည်သူများလက်ဝယ်သို့ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲသူပြည်သူများ အာမခံချက်ရှိစေရေးအတွက် ကုန်ချောများအပေါ် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး အလုပ် အကိုင်အခွင့်အလမ်းများပိုမိုရရှိ လာစေမည်ဖြစ်ပါကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင်အမြင်တင့်တယ် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး စက်ရုံများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023