ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 27, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အဆောက်အဦဦးစီးဌာနအဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အရည်အသွေးများကောင်းမွန်စေရေးနှင့် ဓာတ်ရောင်ခြည်လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာန DAE မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အတိအကျလိုက်နာဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက ပြင်ပသို့ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းရှိ၊ မရှိ DAE မှ ကျွမ်းကျင်ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း၍ တိုင်းတာစစ်ဆေးသွားရန်၊ အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေးအတွက် Structure Drawing ဒီဇိုင်းပါအတိုင်း Q.C အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်သွားရန်၊ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးသွားရန်၊ ဆေးရုံအင်္ဂါရပ်များနှင့်ကိုက်ညီအောင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့ပြ/ ရေသန့်/ လျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်၊ အသုံးပြုသည့်ပစ္စည်းများ အမျိုးအစားမှန်ကန်စေရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လက်ရာသေသပ်ကောင်းမွန်ရေး တာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Ministry of Information / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Video