ဒုတိယဝန်ကြီး ဦးသိုက်စိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ တက်ရောက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / February 25, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြား/ စီမံဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ၊ UMFCCI မှ Secretary General ဒေါ်ခိုင်ခိုင်နွယ်တို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် နှင့် လုပ်ငန်းခွင်ချိတ်ဆက်ပေးရန် ရည်ရွယ်၍ ယခုအခမ်းအနား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းဟူ၍ တက္ကသိုလ် (၂) ခုရှိပြီး ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး မူဝါဒနှင့်အညီ အရည်အချင်းပြည့်ဝသည့် လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာ ရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက် ရှိပါကြောင်း၊ သန်လျင်တက္ကသိုလ်အနေဖြင့် ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ တက္ကသိုလ်ဘွဲ့ရပေါင်း (၈၇၂၃) ဦး မွေးထုတ်ပေးခဲ့ ပြီး ၈၄ ရာခိုင်နှုန်းမှာ အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းများနှင့် ပြည်ပ အလုပ်အကိုင်များ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် မိမိတို့ရဲ့အရည်အချင်းမြင့်မားရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ယခု အခမ်းအနားမှ ရရှိလာသည့် အလုပ်အကိုင်အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချ၍ အောင်မြင် သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် UMFCCI မှ Secretary General ဒေါ်ခိုင်ခိုင်နွယ်က Moderator, ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာသိန်းထွန်း၊ သီရိ သုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ၊ ဦးရဲမြင့်အောင်၊ ဒေါက်တာခင်ဆွေအေးတို့က Panelist များအဖြစ် “From Campus to Career: Preparing for Professionalism” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် ဧည့်သည်တော်များက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေရှင်းဆွေးနွေးမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက Organization Profile အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အလုပ်သင်နှင့် အလုပ်အကိုင်အခွင့် အလမ်း ပြခန်းများအား လိုက်လံလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ သင်ကြားရေးနှင့် စီမံရေးရာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသားကျောင်းသူသည် နိုင်ငံ၏ အနာဂတ်ဖြစ်၍ အမျိုးသားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးပညာ ကျွမ်း ကျင်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သော လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုတက္ကသိုလ်ဖြစ်စေရန် ဟူသည့် တက္ကသိုလ်ရည်မှန်းချက်နှင့် အညီ လေ့ကျင့်သင်ကြားပျိုးထောင်ပေးကြရန်၊ ဆရာဆရာမများ၏ အရည်အသွေးတိုးတက်မြင့်မား ရေးအတွက် ပညာဝမ်းစာဖြည့်တင်းကြရန်နှင့် သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္က သိုလ်ပညာရေးအဖွဲ့၊ ပြင်ပပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားကာ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒက္ခိဏစာသင်ဆောင်ရှိ ကွန်ပျူတာစာသင်ခန်းများသို့ သွားရောက်၍ သင်ကြားပို့ချနေမှု အဆင်ပြေချောမွေ့မှု ရှိ/မရှိ၊ လာမည့်ပညာသင်နှစ်၌ ဘွဲ့ယူကြမည့် ကျောင်းသားကျောင်းသူများအတွက် ဘက်စုံသုံးခန်းမ အဆင်ပြေမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပထမနှစ် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သန်လျင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းကြရေး၊ ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲများနှင့် ဝန်ထမ်းသက် သာချောင်ချိရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 24, 2026
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on February 24, 2026
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
