ဒုတိယဝန်ကြီး ဦးသိုက်စိုး လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ မဟာနွယ် ဥစားကြက်မွေးမြူရေးခြံ ဖွင့်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / March 25, 2026
image_latest


နေပြည်တော် မတ် ၂၄

လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက် မွေးမြူရေးခြံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သမဝါယမအသင်းအဆင့်အဆင့်မှ တာဝန်ရှိသူများ၊ မျိုးဇမ္ဗူသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် သမဝါယမအသင်းသား အသင်းသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက်မွေးမြူရေးခြံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်လိုက်သည့် မျိုးဇမ္ဗူသမဝါယမအသင်း မဟာနွယ် ဥစားကြက်မွေးမြူရေး စီမံကိန်းအနေဖြင့့် မြေဧရိယာ ၂၄ ဧကပေါ်တွင် စုစုပေါင်း ကြက်ကောင်ရေ ၁၈၀၀၀၀ မွေးမြူနိုင်သည့် Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေး စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်း အပြည့်အဝ လည်ပတ်မည်ဆိုလျှင် တစ်နေ့ ကြက်ဥ ၁၈၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်စွာ အရည်အသွေးမြင့် ကြက်ဥများကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သော စီမံကိန်းများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာ လုံခြုံမှုကို အထောက်အကူပြုသော အရေးပါသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ဤစီမံကိန်းတွင် ခေတ်မီ Closed-House System ကို အသုံးပြုထားသည့်အတွက် Biosecurity စနစ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးတက်ခြင်း၊ အရည်အသွေး ထိန်းချုပ်နိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဥစားကြက်မွေးမြူရေးစီမံကိန်းကို တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သလို ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေမည်ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် နမူနာကောင်းတစ်ခု လည်း ဖြစ်လာနိုင်သဖြင့် အထူးအရေးပါသည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် လူဦးရေတိုးလာသည်နှင့်အမျှ အသားစားသုံးမှုလည်း တိုးလာသကဲ့သို့ ဥစားသုံးမှုနှုန်းလည်း မြင့်တက်လာပါကြောင်း၊ ဥစားကြက်မွေးမြူရေးသည် စနစ်တကျလုပ်ကိုင်မည်ဆိုလျှင် နေ့စဉ်ဝင်ငွေရရှိစေသော တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဥစားကြက်များသည် အစာနှင့်ဆေးကောင်းလျှင် အကောင်ကြီးထွားနှုန်း၊ ဖြစ်ထွန်းမှုနှုန်းမြန်ပါကြောင်း၊ အစာနှင့် ရေကို အချိန်မှန်မှန် အထူးဂရုစိုက် တိုက်ကျွေး၍ ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်း များ ပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မျိုးဇမ္ဗူသမဝါယမအသင်း၏ တာဝန် ရှိသူက ဥစားကြက်မွေးမြူရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 24, 2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on March 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

Ministry of Information / Posted on March 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...

Video