ဒုတိယဝန်ကြီး ဦးသိုက်စိုး မိတ္ထီလာမြို့နယ် သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး သမဝါယမအသင်းသားများနှင့် တွေ့ဆုံဆွေးနွေး


Ministry of Cooperatives and Rural Development/ Naypyitaw / May 26, 2026
image_latest


နေပြည်တော် မေ ၂၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ်၊ မုန်ကန်ကျေးရွာအုပ်စု၊ စက်ပစ်တောင်ကျေးရွာသို့ သွားရောက်၍ ပိုင်သုခန်းမတွင် ကျေးရွာအုပ်စုအတွင်းမှ နွေစပါးစိုက် သမဝါယမအသင်းသားတောင် သူများ၊ နို့စားနွားမွေးမြူကြသော သမဝါယမအသင်းသားများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျေးရွာအုပ်စုအတွင်း သမဝါယမစနစ်ဖြင့် နွေစပါး စိုက်ပျိုးနေမှု၊ နို့စားနွား မွေးမြူနေမှု အခြေအနေများကိုလည်းကောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာလိုအပ်ချက်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ ဝန်ကြီးဌာနက သမဝါယမကဏ္ဍကို မဏ္ဏိုင်ပြု၍ ကျေးရွာဘက်စုံဖွံ့ဖြိုးရေး၊ ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေတိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သက်တံ့ရောင် သမဝါယမစီမံကိန်းရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ စသည်ဖြင့် လိုအပ်သည့် အရင်းအနှီး၊ အထွက်တိုး မျိုး၊ သွင်းအားစုများကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သမဝါယမအသင်းသား တောင်သူများက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိအောင်၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်အောင်၊ မွေးမြူ ရေးကို တိုးချဲ့မွေးမြူနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားကာ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ကျေးလက် ဘက်စုံဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းသား များ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောမကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သမဝါယမစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေတြိဂံနို့စားနွားမွေးမြူရေးလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသော ဖရီရှန်နို့စားနွား (၆၃) ကောင်နှင့် ဒေသနွား (၃) ကောင်အား ကြည့်ရှုစစ်ဆေးပြီး စနစ်ကျနသည့် မွေးမြူရေးဖြစ်စေရေး၊ ထိုမှတဆင့် ခေတ်မီမွေးမြူရေးစနစ် ဆောင်ရွက်ရန်၊ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အညစ်အကြေးကို သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲရန်၊ ရောဂါပိုးမွှားကာကွယ်ဆေးများကို အချိန်မှန်ထိုးနှံကြရန်နှင့် အစာရေစာနှင့် အညစ်အကြေးထိန်းသိမ်း နည်းစနစ်များ စနစ်တကျဖြစ်စေရန် မှာကြားခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် သဲကုန်းကျေးရွာသို့ သွားရောက်၍ သဲကုန်း မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ ထုတ်လုပ်သော နို့ စတော်ဘယ်ရီ ဒိန်ချဉ်၊ နို့အေးနှင့် နို့ခဲ များကိုလည်းကောာင်း၊ ဖရီရှန်နို့စားနွား (၃၂) ကောင် မွေးမြူထားမှုကိုလည်းကောင်း ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ သဲကုန်းကျေးရွာနှင့် ပန်းတော်ဆက်ကျေးရွာတို့မှ သမဝါယမအသင်း သားများနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်သမဝါယမဦးစီးမှူးက သမဝါယမစနစ် မွေးမြူရေးလုပ်ငန်း ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် သမဝါယမ မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ညောင်မြင့်ကျေးရွာသို့ သွားရောက်၍ ကျေးရွာဓမ္မာရုံတွင် စိုက်ပျိုးရေး သမဝါယမအသင်းသားများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၅၀) ဦးနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက သမဝါယမစိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ် ရေး၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လိုအပ်သည့် အရင်းအနှီး၊ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်း သားများနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လိန်တောကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးရေးသမဝါယမ အသင်းသားများနှင့် တွေ့ဆုံကာ သမဝါယမစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video