ဒေသများအလိုက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်
ဒေသများအလိုက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်
Ministry of Information/ Naypyitaw / May 22, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်သည် ယနေ့မှစ၍ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်သည်။ “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းထားပြီး ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်လည်း အသိပေးကြေညာ ထားသည်။
အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအားလုံးအတွက် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ ခဲတံဖိုး စသည်ဖြင့် အခကြေးငွေ တစ်ပြားတစ်ကျပ်မျှ ကုန်ကျစရာမလို။ ဝင်ငွေနည်းပါးသူ၊ ဆင်းရဲနွမ်းပါးသူတို့အဖို့ ပညာကို မရရအောင်သင်ယူမည်ဟူသည့် စိတ်ဓာတ်နှင့် မဖြစ်မနေကျောင်းတက်မည်ဟူသည့် စိတ်အားထက်သန်ကြရန် သာလိုသည်။ မိသားစုဝင်ငွေ ဖြည့်တင်းနိုင်ရေးအတွက် စောစောစီးစီးကျောင်းမှထွက်၍ အလုပ်လုပ်ကြခြင်းက ဆင်းရဲနွမ်းပါးခြင်းသံသရာကို ပြန်လည်သွားနိုင်သည်။ သို့ဖြင့် ပညာနိမ့်ကျခြင်းကြောင့် ဝင်ငွေနည်းပါး၊ ဝင်ငွေနည်းပါးခြင်းကြောင့် ဆင်းရဲနွမ်းပါးဘဝကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရုန်းမထွက်နိုင်ဖြစ်လိမ့်မည်။ ထိုမျှမကသေး အသိအလိမ္မာကင်းမဲ့ခြင်း၊ ဆင်ခြင်တုံ တရားမရှိခြင်းတို့နှင့်အတူ ဒုစရိုက်နွံအတွင်းသို့ပင် သက်ဆင်းသည့်ဘဝသို့ ကျရောက်သွားနိုင်သေးသည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်တွင် ကျောင်းနေကြရန်၊ ပညာကို ရအောင်သင်ယူ ကြရန်သာ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
မေ ၁၉ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက “ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မေ ၂၂ ရက်နေ့ဆိုပါက ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့် နေရာဒေသများသည် အခြားဒေသများ၏ နောက်တွင်ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေသည်ကို သိရှိရန်လိုကြောင်း” တိုက်တွန်းပြောကြားခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ကျောင်း တက်နိုင်ရေး၊ လုံခြုံစိတ်ချအေးချမ်းစွာ အနှောင့်အယှက်ကင်းကင်း ပညာသင်ယူနိုင်ကြရေးအတွက် တာဝန်ရှိသူအားလုံး ပါဝင်ဆောင်ရွက်ကြရန်လိုသည်။ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးသည် ကလေးသူငယ်တိုင်း၏ ရပိုင်ခွင့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်ရာ မည်သည့်အကြောင်းပြချက်နှင့်မျှ ပညာသင်ယူနိုင်ခွင့်ကို ပိတ်ပင် တားဆီးမှုမပြုကြဖို့လိုသည်။
အခြေခံပညာအတန်းအားလုံး အခမဲ့စနစ်ဖြင့် နိုင်ငံတော်က ဖြည့်ဆည်းပေးထားပြီး KG + 9 အထိ မသင်မနေရ သတ်မှတ်ထားကာ အသက်မွေးဝမ်းကျောင်း ပညာရေးအခွင့်အလမ်းများကိုလည်း နိုင်ငံတစ်ဝန်းရှိ ခရိုင် မြို့ကြီးများအားလုံးအထိ ဖော်ဆောင်ပေးထားသည်။ မိမိတို့နိုင်ငံ၏ လက်ရှိ အမျိုးသားပညာရေးအဆင့်အတန်းမှာ နိုင်ငံအတွက် အားရဖွယ်ရာအခြေအနေမျိုးတွင် ရှိမနေခြင်းကြောင့် တစ်မျိုးသားလုံး၏ပညာရေးကိုမြှင့်တင်ရန် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ရာ လူတိုင်းပညာရည်မြင့်မားခြင်းသည် တစ်ဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း တိုးတက်ဖွံ့ဖြိုးစေပြီး နိုင်ငံတော်က အားကိုးအားထားပြုရမည့် နိုင်ငံသားကောင်းများစွာ ပေါ်ပေါက်စေပါမည့်အကြောင်း။ ။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 29, 2025
NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Planning and Finance / Posted on May 27, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း