ဒေးဒရဲမြို့နယ် အကယ်ကြီးသဲတန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်‌နေမှုအားကွင်းဆင်းစစ်ဆေး

Ministry of Cooperatives and Rural Development/ Naypyitaw / May 21, 2026
image_latest

ဒေးဒရဲမြို့နယ် အကယ်ကြီးသဲတန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်‌နေမှုအားကွင်းဆင်းစစ်ဆေး
**************************************
ဒေးဒရဲ။      မေ။    ၂၁။       
           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊‌ဒေးဒရဲမြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် "ရက်(၁၀၀)စီမံချက်အတွင်း"ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် လေးအိမ်ကုန်းကျေးရွအုပ်စု၊‌‌အကယ်ကြီးသဲတန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုအခြေအနေများကို မေလ(၂၀)ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
            ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် ဒေးဒရဲမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမြင့်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့်ဝန်ထမ်းများအဖွဲ့သည် အကယ်ကြီးသဲတန်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လမ်းအရှည် ၃၂၀ပေ၊လမ်းအကျယ် ၁၀ပေ၊အမြင့် ၆လက်မ ထုဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကွန်ကရစ်လမ်းအား ရက်(၁၀၀)စီမံချက်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြာရန် မှာကြားခဲ့သည်။
             အဆိုပါ အကယ်ကြီးသဲတန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မှပံ့ပိုးရန်ပုံငွေကျပ် ၁၅၀သိန်း၊ပြည်သူထည့်ဝင်‌ ငွေကျပ် (၅၀)သိန်းစုစု‌ပေါင်း ရန်ပုံငွေကျပ် (၂၀၀)သိန်းဖြင့် မြို့နယ်ကျေးလက်ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုများနှင့်အတူ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလပထမအပတ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယ‌နေ့တွင် လုပ်ငန်းများ ၇၅ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးလက်နေ ပြည်သူများ၏ "လူမှုစီးပွားဘဝ" ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်‌ကြောင်းဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
 
                                         သန်းသန်းစိုး
 
Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Union Civil Service Board / Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Ministry of Information / Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Video