နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
Ministry of Information/ Naypyitaw / June 01, 2025
နေပြည်တော် မေ ၃၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းသို့ရောက်ရှိပြီး ဉာဏ်ရည်တုနည်းပညာ(AI)နှင့် Industrial Internet of Things (IIoT) သင်တန်းတို့တွင် လေ့ကျင့်သင်ကြားလျက်ရှိကြသော သင်တန်း သားများအား နှုတ်ဆက်အားပေးကာ နိုင်ငံတကာ၌ AI နှင့် IIoT တို့ကို စက်မှုကဏ္ဍအပြင် အခြားကဏ္ဍစုံ၌ တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နည်းပညာဖွံ့ဖြိုးမှုအရွေ့များအတိုင်း လက်တွေ့ကျကျ အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများထံ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ကျောင်းသန့်ရှင်းသပ်ရပ် သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စင်ကာပူ-မြန်မာသက်မွေးပညာ သင်ကျောင်းသို့ရောက်ရှိပြီး သင်တန်းများတွင် လေ့ကျင့် သင်ကြားလျက် ရှိကြသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ထိရောက်မြန်ဆန်စွာ ဖန်တီးပေးနိုင်ရေး နိုင်ငံတော်မှအခမဲ့သက်မွေး သင်တန်းများဖွင့်လှစ်ပေးကာ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်ကို တန်ဖိုးထားလေ့ကျင့်ကြရန်နှင့် နိုင်ငံတော်အပေါ် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် အရည်အသွေးပြည့်မီသည့်နည်းပညာရှင် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းချက် ချမှတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ညနေပိုင်း၌ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သို့ ရောက်ရှိပြီး ဇွန် ၂ ရက် ကျောင်းဖွင့် ချိန်အမီဌာနများ၊ အလုပ်ရုံများ၌ ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကျောင်းသန့်ရှင်း သပ်ရပ်သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Information / Posted on December 12, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၁/၁၂-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 12, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၀/၁၁-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 11, 2025
