နောင်ချိုမြို့၊ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နောင်ချိုမြို့၊ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / July 30, 2025

နေပြည်တော် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား/ကျောင်းသူ ၁၇၃၃ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက် ကျောင်းအပ်နှံသူ ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၂၈၂ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။
၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း
Ministry of Information / Posted on July 31, 2025
ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်
Ministry of Information / Posted on July 31, 2025
၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း
Ministry of Information / Posted on July 31, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း