ပညာတတ်အရင်းအမြစ်များဖြစ်ထွန်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း


Ministry of Information/ Naypyitaw / January 12, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံစဉ် “မြို့အနေဖြင့် သန့်ရှင်းသပ်ရပ်စွာဖြင့် မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်ရသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်သည့်အချိန်ကတည်းက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ရွေးကောက်ပွဲအပိုင်းနှစ်ပိုင်းကို အောင်မြင် စွာကျင်းပနိုင်ခဲ့ပြီး အပိုင်း(၃)ပြီးစီးပါကလွှတ်တော်ခေါ်ယူ၍ အစိုးရသစ်အား တာဝန်လွှဲပြောင်းပေးမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလ နိုင်ငံတော်အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဖြစ်ပွားနေသည့်အချိန်ဖြစ်သည်။ ထိုအချိန်က နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများကြောင့် ပဋိပက္ခများဖြစ်ပွားခဲ့ရသည်။ ဆူပူ အကြမ်းဖက်မှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့််ခွာမှု DCS လုပ်ဆောင်မှုများကြောင့် အခက်အခဲ၊ အကျပ်အတည်းများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ မည်သို့ပင်ခက်ခဲကြမ်းတမ်းသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

အလားတူ နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများမြှင့်တင်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်ကို စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် ပိတ်ဆို့မှုများကြားမှ နိုင်ငံ့စီးပွားရေး တိုးတက်လာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်နိုင်ခဲ့သည်။ အဓိကမှာ နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေးဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်မှသာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက တည်ဆောက်ပေးခဲ့သည့် အခြေအနေကောင်းများကို နောင်လာမည့်အစိုးရသစ်လက်ထက်ကာလတွင် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

နိုင်ငံတော်တွင် မည်သည့်စနစ်ဖြင့် ရပ်တည်သည်ဖြစ်စေ စည်းလုံးညီညွတ်မှုနှင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကိုရှေးရှုသည့်စိတ်ဓာတ်များ ရှင်သန်တိုးတက်နေမှသာ တိုင်းပြည်အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်အေးချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီစနစ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသား အရင်းအမြစ်များ ပေါများကြွယ်ဝရန်လိုအပ်သဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးကို ဖော်ဆောင်ပေးလျက်ရှိသည်။ ဒီမိုကရေစီစနစ်တွင် ဥပဒေကိုသိရှိရန်နှင့်လိုက်နာရန်အရေးကြီးပြီး ဥပဒေဆိုင်ရာ အသိအမြင်များကို နိုင်ငံသားတိုင်း သိရှိနားလည်ထားရန် လိုအပ်သည်။ ထို့အပြင် စီးပွားရေးအမြင်များကိုလည်း နိုင်ငံသားတိုင်း သိရှိနားလည် နေမည်ဆိုပါက တစ်ဦးချင်းစီမှစ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမို အထောက်အကူပြုမည်ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သောကြောင့် အခြေခံပညာမူလတန်းကို မသင်မနေရစနစ်အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ပညာခေတ်ကာလနှင့် ခေတ်ကာလအခြေအနေအရ လက်ရှိအစိုးရ လက်ထက်တွင် အခြေခံပညာအလယ်တန်း (KG+9) ပြီးသည်အထိ နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ကျောင်းသား ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများတိုးတက်အောင် အလေးထားဆောင်ရွက်ပေးရန်လိုသည်။ အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ဖြစ်၍ သက်ဆိုင်ရာဘာသာရပ်အလိုက် အဆင့်မြင့်ပညာများ သင်ကြားရန်လိုသည်။ မိမိတို့သားသမီးများဘဝ တိုးတက်စေရေး၊ လမ်းမှားမရောက်စေရေး ပညာရေးကို အားပေးဆောင်ရွက်ကြရ မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ချိန်၌ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသား အရင်းအမြစ်များ တိုးတက်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023