ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေမှု နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများ လေ့လာကြည့်ရှု


Ministry of Information/ Naypyitaw / January 26, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၂၅

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများသည် ယနေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေသည့် ရန်ကုန်မြို့ရှိ မဲရုံများသို့ သွားရောက်၍ မဲရုံမှူးများ၊ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ကြသည်။

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အားပေးထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနေမှုများကို ပါဝင်စောင့်ကြည့်လေ့လာခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့်အတူ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်ကြသည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ Ms. Volha N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms. Yusti Erlina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Mr. Nguyen Xuan Loc ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ Ms. Rami Niranjan DesaiInternational Con-ference of Asian Political Parties (ICAPP) အဖွဲ့မှ Dr.Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် မဲရုံအမှတ် (၂)၊ လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁)၊ သာကေတမြို့နယ် အမှတ် (၇) ရပ်ကွက် (အနောက်) မဲရုံအမှတ် (၁) နှင့် မဲရုံအမှတ် (၂) တို့၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အမှတ် (၆၁) ရပ်ကွက် မဲရုံအမှတ် (၁)၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် မဲရုံအမှတ် (၁)၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် မဲရုံအမှတ် (၁)၊ ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက် မဲရုံအမှတ် (၁) တို့၌လည်းကောင်း မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒပြုမဲပေးရွေးချယ်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာစံနှုန်းများ၊ အလေ့အကျင့်ကောင်းများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှုများကို လေ့လာစောင့်ကြည့်ကြပြီး မဲရုံမှူးများ၊ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများကို တွေ့ဆုံ၍ ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023