ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ Naypyitaw / January 06, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀ မိုင် ၅ ဖာ လုံနှင့် ၆ ဖာလုံကြား၌ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးသန့်ဇင်(၅၅)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-15/5G-XXXX YUTONG အမျိုးအစား “မဟာမန္တလေး” ခရီးသည်တင်မော်တော်ယာဉ်သည် ခရီးသည်များ အပေါ့သွားရန် အနှေးယာဉ်ကြောပေါ်တွင် လမ်းဘေးချ၍ ရပ်တန့်ထားစဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဂျူးကိုကို(၂၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် SHN-18/9M-XXXX HINO RANGER အမျိုးအစား ကုန်စိမ်းတင်မော်တော်ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ “မဟာမန္တလေး” ခရီးသည်တင်မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် အုတ်ရှစ်ကုန်းနယ်မြေမီး သတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် “မဟာမန္တလေး” ခရီးသည်တင်မော်တော်ယာဉ်၏ နောက်ပိုင်း ဝဲဘက်ထောင့် ပိန်ချိုင့်၊ နောက်ဝဲဘက် ရေတိုင်ကီ ပိုင်ချိုင့်၊ HINO RANGER အမျိုးအစား ကုန်စိမ်းတင် မော်တော်ယာဉ်၏ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ ပျက်စီးဆုံးရှုံးခဲ့ပြီး ကုန်စိမ်းမော်တော် ယာဉ်၏ ယာဉ်မောင်း ဂျူးကိုကို (သေဆုံး)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ “မဟာမန္တလေး” ခရီးသည်တင်မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ကုန်စိမ်းတင် မော်တော်ယာဉ် ယာဉ်မောင်း ဂျူးကိုကို (သေဆုံး)နှင့် “မဟာမန္တလေး” ခရီးသည်တင်မော်တော်ယာဉ် ယာဉ်မောင်း သန့်ဇင် တို့အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information / Posted on January 08, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Ministry of Information / Posted on January 08, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
Ministry of Information / Posted on January 08, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
