ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / April 23, 2026
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူ များအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သိုင်းဝကျေးရွာရဲကင်း၌ ဆွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဥယျာဉ်မှူးကျေးရွာမှ သိုင်းဝရဲကင်းဘက်သို့ ဥယျာဉ်မှူးကျေးရွာနေ ဒေါ်စန္ဒာဝင်း(၅၃)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ် တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်ပေါ်တွင် ၅ ဂါလန်ဆံ့ အဝါရောင် ကော်ပုံး နှစ်ပုံးအတွင်း ဓာတ်ဆီ ၅ ဂါလန်အား တရားမဝင် သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်း ဆီးရမိခဲ့သဖြင့် စန္ဒာဝင်း အား ဆွာနယ်မြေရဲစခန်း(ပ)၁၃/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း။

     အလားတူ ညနေ ၄ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကွက်ပြင်ကြီးကျေးရွာနေ ဦးနန်းဒါး၏ နေအိမ်ခြံဝင်းအတွင်း၌ မိုးကာအုပ်ထားသည့် မော် တော်ယာဉ် တစ်စီးအား မသင်္ကာဖွယ် ရပ်တန့်ထားကြောင်း သတင်းအရ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ AYY-5/4Q-XXXX SOJEN PICKUP ယာဉ်ပေါ်တွင် ပီပါများဖြင့် ထည့်ထားသည့် ပရီမီယမ် ဒီဇယ် ၅၀ ဂါလန်၊ ဒီဇယ် ၅၀ ဂါလန်နှင့် ဓာတ်ဆီ ၈၀ ဂါလန်တို့အား တွေ့ရှိရပြီး ပိုင်ရှင်မှာ ပုသိမ်မြို့ နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ သိန်းစံ(၅၄)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သိန်းစံ အား သင်္ဘောကျင်းနယ်မြေရဲစခန်း (ပ)၃၇/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video