ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ်ပန်းအင်္ဂတေလက်ရာများ လာရောက်ကြည့်ရှုလေ့လာနိုင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ်ပန်းအင်္ဂတေလက်ရာများ လာရောက်ကြည့်ရှုလေ့လာနိုင်
Ministry of Information/ Naypyitaw / October 30, 2024
မင်းဘူး အောက်တိုဘာ ၂၉
စကုမြို့ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ မပျက်မယွင်းတည်ရှိနေသော ရှေးခေတ်အုတ်အင်္ဂတေနှင့် ပြုလုပ်ထားသော ပန်းအင်္ဂတေဗိသုကာလက်ရာများမှာ လွန်စွာပြောင်မြောက်လှသောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး စကုမြို့ မင်းဘူး-စကုကားလမ်းဘေးရှိ သုံးထပ်ရုပ်စုံကျောင်းဝင်းအတွင်းတည်ရှိပြီး အသင်္ခယာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့သောကြောင့် အသင်္ခယာကျောင်းဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော်မူခဲ့သောကြောင့် ပထမတိုက်အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်ကြသည်။
အဆိုပါအုတ်ကျောင်းကြီးသည် အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေနှင့် အမြင့် ၆ ပေ ၈ လက်မရှိ၍ အတွင်းဘက် လိုဏ်ခေါင်းပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ ရှိသည်။
ယခုအခါ ကျောင်းကြီးအား ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ စကုမြို့ အသင်္ခယာကျောင်း၏ အင်္ဂတေဖြင့် ပြုလုပ်ထားသော ခြူးပန်း၊ ခြူးနွယ်၊ ခြူးခက်များမှာ ထူးကဲစွာ လက်ရာပြောင်မြောက်လှသောကြောင့် အခြားအထင်ကရနေရာများဖြစ်သော ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်းရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီးကျောင်းများနည်းတူ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)
Newspaper
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / October 30, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက (၂၅ - ၁၀- ၂၀၂၄) ရက်နေ့တွင်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန