ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒေါက်တာချာလီသန်း မြန်မာ့လယ်ယာသုံးပစ္စည်းကိရိယာစက်ရုံ (အင်းကုန်း) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 16, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၅

စွမ်းအင်ဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်နှင့် ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံးကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်၍ လယ်ယာသုံးပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။

ဖြည့်ဆည်းပေးနိုင်

တင်ပြမှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်လျက်ရှိသည့် စက်ကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စနစ်တကျထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ MSME လုပ်ငန်းတွင် ပါဝင်သော စက်မှုကုန်ထုတ်လုပ်ငန်းများ ချိတ်ဆက်ပါဝင်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်သည့်စံပြုစက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစက်မှုလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ထိုးဖောက်နိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး လိုအပ်သော နည်းပညာများရရှိရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

ဆွေးနွေးပြောကြား

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာသုံးစက်ပစ္စည်းများအား အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စက်ရုံအတွင်း စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ ထုတ်လုပ်ထားရှိသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး လက်တွေ့အခြေအနေနှင့် ကိုက်ညီမည့် လက်စွဲကောက်စိုက်စက်နှစ်မျိုး စတင်ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် ကောက်စိုက်စက်များနှင့် ပျိုးဗန်းများ ကိုက်ညီမှုရှိစေရန် စံပြုပျိုးဗန်းများအသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပူးပေါင်းဆောင်ရွက်

မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၃၆) အကြီးစား စက်ရုံ (ကျောက်ဆည်) စက်ရုံရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ စက်ရုံပိုင်ပုံသေပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေးနှင့် စက်ရုံသန့်ရှင်းသာယာလှပရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိပြီး စွပ်ကျယ်များချုပ်လုပ်နေမှု၊ စောင်များ၊ လုံချည်များရက်လုပ်နေမှု၊ ခြင်ထောင်များချုပ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ချုပ်ထည်များအား ချုပ်ရိုးချုပ်သားသေသပ်ကောင်းမွန်ခိုင်ခံ့အောင် ချုပ်လုပ်ရန်၊ အထည်များချုပ်လုပ်လျက်ရှိသည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးစီမံဆောင်ရွက်ရန်၊ လျာထားချက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ရန် မှာကြားသည်။ 

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on August 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on August 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on August 15, 2025

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023