ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရခိုင်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / December 16, 2025
image_latest


စစ်တွေ ဒီဇင်ဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်သမအသင်းဖွဲ့စည်းခြင်း၊ မျိုး၊ မြေဩဇာများ ပံ့ပိုးပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝင်ငွေတိုးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် သင်တန်းလွန်ကာလသင်တန်းသားများအတွက် လုပ်ငန်းခွင်သုံး ရင်းနှီး ပစ္စည်းများပံ့ပိုးပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေးသမအသင်းသားပိုင်လယ်ယာမြေများတွင် ရေရရှိရေးဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးခြင်း စသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနလေးခုအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနလေးခုမှ ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023