ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ” အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံ တက်ရောက်


Ministry of Education/ Naypyitaw / December 18, 2025


နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ယူနက်စကို အဖွဲ့ကကြီးမှူးကျင်းပသည့် “လူတိုင်းအကျုံးဝင် ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အဆိုပါညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Miklukho-Maklaya St.,6. (RUDN University main building) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် RUDN University ၏ President ဖြစ်သူ Filippov Vladimir Milhailovich က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများက ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် Plenary session အား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက “Building and Inclusive Education System: Myanmar’s Efforts” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသား ပညာရေးဥပဒေများတွင် အခမဲ့အခြေခံပညာသင်ကြားပေးခြင်း၊ ခွဲခြားမှုမရှိဘဲ ပညာသင်ကြား ပေးခြင်း စသည့်အချက်များ ပြဋ္ဌာန်းထားရှိပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP-2021-2030)တွင်လည်း ဝေးလံခေါင်ဖျားဒေသရှိသူများအပါအဝင် တိုင်းရင်းသားလူမျိုးများ၊ မသန်စွမ်းသူများ၊ အားလုံးပညာသင်ကြား ခွင့်ရရှိရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အခြေခံပညာကျောင်းများအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကျောင်းပြင်ပ ပညာရေးဆောင်ရွက်မှုများ၊ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး (ECCD) အတွက် ဆောင်ရွက်မှုများ၊ သက်မွေးပညာ သင်ကြားပေးခြင်းဆိုင်ရာ ဆောင်ရွက်မှုများစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ဘာသာစကားအခြေပြု ပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများကို လူတိုင်းပါဝင်လာနိုင်မည့် ပညာရေးစနစ် ပေါ်ထွန်းလာစေရန် သင်ကြားမှုနည်းစနစ်များကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေးစနစ်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ Plenary session တွင် ဟန်ဂေရီ၊ ဇင်ဗာဘွေ၊ ကမ္ဘောဒီးယား၊ အီရန်၊ ကာဇက်စတန်၊ တာ့ဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံများ၏ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်ဆွေးနွေးကြသည်။

ညနေပိုင်းတွင် Development meeting of International Cooperation to Ensure Access to Quality Education ခေါင်းစဉ်ဖြင့် Closed meeting ကျင်းပရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ UNESCO အမျိုးသားကော်မရှင်များမှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများနှင့် နိုင်ငံတကာ MoU, MoA များ၊ AUN- AUA ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ AUN-QA Accreditation နှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ UNESCO အမျိုးသားကော်မရှင်၏ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on December 18, 2025

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on December 05, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023