ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / December 24, 2025
နေပြည်တော် ဒီဇင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ကျောက်ခဲအင်းကျေးရွာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပေ (၄၆၀၀) အမှတ် (၂) ကုန်ထုတ်လမ်း ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် အမြန်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက သမဝါယမ စိုက်ပျိုးရေးအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဂွေးတောက်ရိုး ကျေးရွာသို့သွားရောက်၍ ကျေးရွာမှဘုန်းကြီးကျောင်းသို့ သွားသောလမ်းအား ကြည့်ရှုစစ်ဆေးပြီး သာသနာရေးဦးစီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်း၍ လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ရိစာလမ်း လျာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက် လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ပေ (၄၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန်ကျည်းကုန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာ တွင်းလမ်း အရှည် ပေ (၉၅၀) အနက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ပေ (၂၂၀) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ လမ်းဘေးဝဲယာ ရေမြောင်းများ တူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသခံများ၏ ကျန်လမ်းပိုင်း ဆက်လက်ခင်းပေးနိုင်ရေး တင်ပြချက်အပေါ် လာမည့် ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
