ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / February 21, 2026
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်ဦးစီးမှူးများက ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို အချင်းချင်းကူညီတည့်မတ်ပြီး စည်းလုံးချစ်ခင်စွာ တာဝန်ကျေပွန်အောင်လုပ်ဆောင်ကြရန်၊ ကိန်းဂဏန်းအချက်အလက်များကို မြေပြင်အမှန်အတိုင်းတင်ပြရန်၊ ဆန်စပါးစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အကျိုးဖြစ်ထွန်းသည့် မျိုးစပါးဖြစ်စေရေးနှင့် ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် အားပေးစိုက်ပျိုးကြရန်၊ မွေးမြူရေးကဏ္ဍတွင် ဒေသတွင်းရှိ ကြက်၊ ဝက် များကို ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူပြီး တိုးပွားအောင် မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ အထူးသဖြင့် ဒေသတွင်း မွေးမြူရေးတိရစ္ဆာန်များ ကူးစက်ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရန် မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နယ်မြေဒေသအခြေအနေပေးမှုအပေါ် မူတည်၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းပညာပေးခြင်းကို အလေးထားလုပ်ဆောင်ရန်၊ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး ဒေသကြက်၊ ဝက်နှင့် နွားများ တစ်ပိုင်တစ်နိုင်မွေးမြူရန် ကွင်းဆင်းတိုက်တွန်း စည်းရုံးခြင်း၊ နမူနာမွေးမြူပြသခြင်းဖြင့် မွေးမြူရေးကဏ္ဍ တိုးတက်အောင် ကူညီဆောင်ရွက်ရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ကြရန်၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို တာဝန်ရှိသူများက စနစ်တကျစီမံကြပ်မတ်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Ministry of Information / Posted on February 21, 2026
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Ministry of Information / Posted on February 21, 2026
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on February 18, 2026
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
