ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ချောင်းသာကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / March 09, 2026


နေပြည်တော် မတ် ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေဒေသအတွင်း ခရီးသွားဧည့်သည်များ လည်ပတ်နေမှု၊ ဟိုတယ် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဖော်ထုတ်ထားရှိသည့် ခရီးသွားဆွဲဆောင်ရာနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ချောင်းသာကမ်းခြေသည် မြန်မာနိုင်ငံ၏ အထင်ကရ ကမ်းခြေခရီးစဉ်ဒေသတစ်ခုဖြစ်သဖြင့် ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရေးနှင့် ကမ်းခြေ၏သဘာဝအလှအပများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာ ရုံးခွဲ၌ ခရီးသွားများအတွက် ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ချောင်းသာကမ်းခြေဒေသမှတစ်ဆင့် အခြားခရီးစဉ်ဒေသများသို့ပါ သွားရောက်လည်ပတ်နိုင်ရေးအတွက် သတင်းအချက်အလက်များ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေစခန်းနှင့် Mangrove View Resort Hotel ၌ အပန်းဖြေစခန်းအတွင်းရှိ ဒီရေတော စိုက်ခင်းများအား စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ထား မှု၊ ခရီးသွားဧည့်သည်များအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုများ၊ ကျောက်စိမ်း ပြတိုက်၊ သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသမှုနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပန်းဖြေစခန်းအတွင်း ဖွင့်လှစ်ထားရှိသော စွန့်စားအားကစားခရီးသွားလုပ်ငန်း (Adventure Tourism) အစီအစဉ်များဖြစ်သည့် Zip Lining၊ Wall Climbing၊ Quick Jump အစရှိသည့် အားကစားနည်းများဖြင့် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထားရှိမှုနှင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ပါဝင်စီးနင်းဆောင်ရွက်နေမှု ကိုကြည့်ရှုပြီး သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 07, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Video