ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / May 04, 2026
နေပြည်တော် မေ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် ဝန်ကြီးဌာနအတွက် လိုအပ်သော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လူသားအရင်းအမြစ်များ ဖြည့်ဆည်းပေးသည့် မရှိမဖြစ်ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ်ကျောင်းပြန်ဖွင့်ချိန်တွင် အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရမည့်အပြင် သင်ကြားရေးဆိုင်ရာ အရည်အသွေးပြည့်မီစေရေး၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက်ပါ ဦးစားပေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
လက်ရှိနှင့် အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချနိုင်မည့်စနစ်များ ဆောင်ရွက်နိုင်ရန်အတွက် သုတေသနကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ အရည်အသွေးပြည့်ဝသည့် အသုံးချသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သုတေသနလုပ်ငန်းများမှာ AI နည်းပညာကို သစ်တောစီမံခန့်ခွဲမှု၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ သုတေသနရလဒ်များ ဖော်ထုတ်ရာတွင် အထောက်အကူပြုအဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရေရှည်မျှော်မှန်းချက်များ၊ ရည်မှန်းချက်များကို ဆက်လက်ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျောင်းဖွင့်ရာသီအတွက် ကြိုတင်ပြင်ဆင်နေမှုကိုလည်းကောင်း၊ သစ်တောသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးက သစ်တောသုတေသနဌာနခွဲ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသည့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် သစ်တောသုတေသနဌာနခွဲရှိ မြေဓာတ်ခွဲခန်းတွင် မြေအရည်အသွေးစမ်းသပ်ဆောင်ရွက်နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနပြုလေ့လာထိန်းသိမ်းရေးဗဟိုဌာနရှိ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သစ်တောဦးစီးဌာနနှင့် Chinese Academy of Science – CAS တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းရှိ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေဓာတ်ခွဲခန်း၌ ရေအရည်သွေးစမ်းသပ်ဆောင်ရွက်နေမှုတို့ကို လေ့လာကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ Recreation Center တစ်လုံး၊ နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသားအိပ်ဆောင်တစ်ဆောင်တည်ဆောက်ရန် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ရွှေကျပျိုးဥယျာဉ်သို့ ရောက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် ပျိုးပင်များ ကြိုတင်ပြင်ဆင်ပျိုးထောင်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ပျိုးပင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
