ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြင်ဦးလွင်မြို့၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြင်ဦးလွင်မြို့၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 16, 2026
နေပြည်တော် မေ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား ဝန်ကြီးဌာနရှိ အဓိက မောင်းနှင်အား များ ဖြစ်ကြသော ဝန်ထမ်းများ အားလုံးသိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သမဝါယမ စနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက်ကာ စေတနားထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန်ကောက်ယူပြီး ကျေးလက်နေ ပြည်သူများ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံး ဆောင်ရွက်ကြရန်နှင့် စည်းရုံးရေးမှူးကောင်းများ၊ ပေါင်းစပ်ညှိနှိုင်း ရေးမှူးကောင်းများဖြစ်အောင် စေတနာထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Ministry of Information / Posted on May 14, 2026
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
