ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တောင်ငူခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တောင်ငူခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
Ministry of Cooperatives and Rural Development/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ငါဖယ်အင်းကျေးရွာရှိ တောင်ကုန်းကျောင်းဓမ္မာရုံတွင် နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို တစ်ဦးချင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် မျိုး၊ သွင်းအားစုများအတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်ကြောင်း၊ ဒါကြောင့်သမဝါယမစနစ်ဖြင့် တစ်ကွင်းတစ်ဆက်စပ်တည်း ရှိသော လယ်ကွင်းများတွင် စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည့် မျိုးကောင်းမျိုး သန့်၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက် များကိုလည်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနအလိုက် တိုင်းဒေသကြီးဦးစီးမှူးများက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ၊ ကျေးလက်လမ်းကွန်ရက်များနှင့် ကျေးလက်ကုန်ထုတ်လမ်းကွန်ရက် ချိတ်ဆက်မှုဖြက့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်ငူခရိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်း ရေးဆွဲရာမှာ မြေပြင်အချက်အလက်များ မှန်ကန်စွာကောက်ယူပြီး သုံးသပ်ဖော်ထုတ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ Master Plan ရေးဆွဲပြီး နှစ်အလိုက် လက်တွေ့ကျသော ထိရောက်အကျိုးရှိ သော၊ အကျိုးပြုမှုများသော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တွင် မှတ်ပုံတင်ထားသော တောင်ငူမြို့၊ (၂)ရပ်ကွက်ရှိ “DTH” Specialty Coffee လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား လှည့်လည်ကြည့်ရှု အားပေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များကို ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့နယ်၊ ပြည်တော်အေးကျေးရွာရှိ ဥဿာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူရေးနှင့် ဒေသကြက် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် သမဝါယမစနစ်ဖြင့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အားပေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သမဝါယမအသင်းများအနေဖြင့် စနစ်တကျ မွေးမြူပြီး ဒေသတွင်း စားရေရိက္ခာဖူလုံစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး သို့သွားရောက်ပြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနားထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ တပ်ကလေးကျေးရွာအုပ်စု၊ တပ်ကလေးမြောက်စုကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရော သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းရေရှည်ကောင်းမွန်မှုရှိစေရေး ဝိုင်းဝန်းထိမ်းသိမ်းကြရန်၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

