ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) ၌ မြန်မာ့ရိုးရာလက်မှုထည်များ ဖွင့်လှစ်ရောင်းချနေမှု ကြည့်ရှုအားပေး၊ ဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့်ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) ၌ မြန်မာ့ရိုးရာလက်မှုထည်များ ဖွင့်လှစ်ရောင်းချနေမှု ကြည့်ရှုအားပေး၊ ဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့်ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Ministry of Cooperatives and Rural Development/ Naypyitaw / May 25, 2026
နေပြည်တော် မေ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်များ ဖွင့်လှစ်ရောင်းချနေမှု များကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာ လုပ်ငန်းများရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကောပပျောက်မှုမရှိစေရန်၊ မြန်မာ့လက်မှုအနုပညာ ယဉ်ကျေးမှုများ ရေရှည်တည်တံ့စေရန်၊ ရိုးရာလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံ တစ်ဝှမ်းမှာရှိသည့် လက်မှုအနုပညာများကို တစ်နေရာတည်းမှာ လေ့လာနိုင်ရန်၊ မြန်မာ့လက်မှု ထည်များ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက်မြှင့်တင်ပေးရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသော မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)သို့ ရောက်ရှိကြည့်ရှုအားပေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ရိုးရာမပျောက်ပဲ ခေတ်မီဆန်းသစ်သော ဆွဲဆောင်မှုရှိသော လက်ရာများဖန်တီးဆောင်ရွက်သွားကြရန်၊ မြန်မာ့လက်မှုအနုပညာစင်တာ ဖွင့်လှစ်ရောင်းချမှုကို နိုင်ငံခြားသားဧည့်သည်များနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး မီဒီယာ အသုံးပြု စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်ကုန်များ ဈေးကွက်ရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ခရိုင်သုံးခုရှိ ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ် အစုအဖွဲ့ပုံစံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက် ကုန်ကြမ်းများကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ထုတ်လုပ်နိုင်ရေး အစုအဖွဲ့ ပုံစံ စည်းရုံးပြီး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနားထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ကြရာတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန်ကောက်ယူပြီး ကျေးလက်နေပြည်သူများ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လာစေရေး၊ ပြည်သူလူထုပူးပေါင်း ပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်စေရေး စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

