ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်၎င်းတို့၏သား/သမီးများအား ပညာသင်စရိတ်၊ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်၎င်းတို့၏သား/သမီးများအား ပညာသင်စရိတ်၊ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 04, 2026
ဘားအံ - ဇွန် (၄)
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် ၎င်းတို့၏သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည့် အခမ်း အနားကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ကျောင်းသူ၊လူငယ်၊လူရွယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် လုံလောက်သည့်ပညာအရည်အချင်း ရှိရန်လိုအပ်ပြီး ငယ်ရွယ်ချိန်တွင်ဝမ်းစာဖြည့်ထားကြစေလိုကာ ရည်မှန်းချက်မြင့်မြင့်မားမားထား၍ ပညာကိုကြိုးစားသင်ယူ ကြစေလိုကြောင်း၊ ဝန်ထမ်းများနှင့်၎င်းတို့၏သားသမီးများဖြစ်ကြသည့်အတွက် ဥစ္စာအမွေကိုပေးနိုင်စွမ်းမရှိသော်လည်း ပညာအမွေကိုသာပေးနိုင်သူများဖြစ်သည့်အတွက် ပညာကိုကြိုးစားသင်ယူ၍ မိမိတို့၏အိမ်မက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်မှ အားထားရသောလူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်ဝန်ထမ်း ၁၇ ဦး၊ ဝန်ထမ်းသား/သမီး ၁၁ ဦး၊ အထက်တန်းအဆင့် ၉ ဦး၊ အလယ်တန်းအဆင့် ၂၂ ဦး၊ မူလတန်းအဆင့် ၅၅ ဦး စုစုပေါင်း ၁၁၄ ဦးတို့အား စုစုပေါင်းငွေကျပ် ၁၂၁၃၅၀၀ဝိ/-(တစ်ရာနှစ်ဆယ်တစ်သိန်းသုံးသောင်း ငါးထောင်ကျပ်)တန်ဘိုးရှိ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံ၊ ခဲတံ၊ဘောလ်ပင်၊ ဗလာစာအုပ်အစရှိသည့် ကျောင်းသုံးပစ္စည်း များကို ချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းသား/သမီးများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်၎င်းတို့၏သားသမီးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။


Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Ministry of Cooperatives and Rural Development / Posted on May 26, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်) များအား ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026

