ပြည်သူအားလုံးစည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်


Ministry of Information/ Naypyitaw / January 05, 2025
image_latest


ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားများသည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံကာ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေးတည်း၊ တစ်သားတည်းတစ်အူထုံ့ဆင်း ဆွေမျိုးရင်းချာစိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင်အရင်းခံဖြစ်သကဲ့သို့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

မျက်မှောက်ကမ္ဘာ့ရေးရာအခြေအနေမှာ လွန်စွာနက်နဲရှုပ်ထွေးလာသောကြောင့် နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုဖြင့်သာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ “နွားကွဲလျှင် ကျားဆွဲ” စကားပုံကဲ့သို့ပင် ပြည်ထောင်စုသားမိသားစုများ ညီညွတ်မှုမရှိလျှင် အင်အားကြီးနိုင်ငံကြီးများ၏ နှောင့်ယှက်ဗိုလ်ကျ စွက်ဖက်မှုများနှင့်ကြုံရမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားများ ကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်စီးစေရန် အဖျက်အမှောင့်လုပ်ရပ်များသည် နိုင်ငံတော်ကိုအင်အားချည့်နဲ့စေပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအား ထိပါးစေနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သမိုင်းကြောင်းရှည်လျားစွာ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။ တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ် ရပ်စဲခြင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုများကိုလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

သို့သော် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများသည် နိုင်ငံရေးအရအမြင်မတူမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားများကို ရှေ့တန်းတင်ခဲ့သောကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။ နယ်မြေဒေသ အသီးသီးတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ အကြမ်းဖက်မှုများ၏နောက်ကွယ်တွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပံ့ပိုးထောက်ပံ့မှုများ ပါဝင်ပတ်သက်နေသည်ကို နိုင်ငံသားတိုင်း သတိချပ်သင့်သည်။

နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ခိုက်သည့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရက ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပြီး လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကိုလည်း အတိအလင်းကြေညာထားပြီးဖြစ်သည်။ တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်သည်။ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရပ်တည်မှုသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံပံ့ပိုးမှု တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသားများအားလုံး မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ” ဟူသောစိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော် အေးချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချဆောင်ရွက်ကြရမည်ဖြစ်သည်။

ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသော တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို အခက်အခဲအကျပ်အတည်းများကြုံတွေ့ရပါက ရပ်တန့်နေ၍မရဘဲ ရှေ့သို့ဆက်လက်တက်လှမ်း ချီတက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရေး သည် ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက် ထိန်းသိမ်းမြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on January 03, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on January 06, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင်ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 06, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023