ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀)သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023