ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / May 02, 2026
image_latest


ပဲခူး မေ ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီးလွှတ်တော်ရုံး ဥဿာပြည့်စုံခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်၏ မဏ္ဍိုင်ကြီးသုံးရပ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်ကို လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ယူထမ်းဆောင်ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတာဝန်ကို မိမိကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်နှင့် ပြည်သူလူထု၏ ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း။

ဥပဒေပြုရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်အခါပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ များနှင့်စပ်လျဉ်း၍ ယနေ့ခေတ် ကာလအချိန်အခါနှင့် ကိုက်ညီမှု ရှိ မရှိ၊ ပြင်ဆင်ဖြည့်စွက်ရန် လိုမလို၊ ဖျက်သိမ်းရန်နှင့် အသစ်ပြန်လည်ပြဋ္ဌာန်းရန် လိုမလိုနှင့် ပြည်သူများကို ကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်၊ မဟုတ်တို့ကို စိစစ်ဆောင်ရွက်ရမည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ပါကြောင်း။

ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီးသုံးရပ်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်သည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုအဖွဲ့ အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောကိစ္စရပ်များနှင့် ပြည်သူလူထု၏ လိုလားချက်များကို အနီးစပ်ဆုံး ဖော်ဆောင်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်ရုံးခန်းများဖွင့်လှစ်၍ လူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဒေသခံပြည်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလိုအပ်ချက်များ၊ ဒေသဆိုင်ရာလိုအပ်ချက်များကို နားထောင်၍ တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေရှိ ပညာရှင်များ၊ ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ပြည်သူလူထု သိရှိနားလည်ယုံကြည်မှုရှိလာစေရန် လွှတ်တော်မှ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအစိုးရတစ်ရပ်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အာဆီယံဒေသအတွင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန် ယူစဉ်အချိန်တွင်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ကဏ္ဍကို မြင့်မားစေလိုပါကြောင်း၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် တစ်ထောင့်တစ်နေရာမှ အရေးပါစေရေးအတွက် ကိုယ်စားလှယ်များအနေဖြင့် အရည်အသွေး၊ အရည်အချင်းများ ပြည့်စုံစေရန် မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ဥဿာရတနာခန်းမ၌ ပဲခူးမြို့မှ မြို့မိမြို့ဖများ၊ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video