ဖျာပုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်
ဖျာပုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်
Ministry of Cooperatives and Rural Development/ Naypyitaw / January 09, 2026
ဖျာပုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်
ဖျာပုံ၊ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အ ထည်ဖော်ဆောင်ရွက်မည့် ရှမ်းကွင်းကျေးရွာအားမြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုဇန်နဝါရီ ၈ရက်နံနက်ပိုင်းကဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်မှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်မြတ်က ကျေးလက်နေပြည်သူ များ ဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်အသေးစား၊အလတ်စား၊အငယ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်မြတ်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျုံတာရှမ်းကွင်းကျေးရွာ အုပ်စု၊ရှမ်းကွင်းကျေးရွာမှမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Ministry of Information / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 09, 2026
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။