မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / January 24, 2026


     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကိုဖွဲ့စည်း၍အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်း များ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ် အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နံနက် ၅ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ ကိုဖိုးလပြည့်(၂၃)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးသန့်ဇင်(၃၇)နှစ် လိုက်ပါလာသည့် ခြောက်ဘီးဆီဘောက်ဆာယာဉ်သည် မင်းလှမြို့မှ ရေနံမကျေးရွာသို့ မောင်းနှင်ထွက်ခွာလာစဉ် မင်းလှမြို့နယ်၊ ကန်တုတ်-စစ္စနို့လမ်းနှင့် ပြည်စိုးလမ်းဆုံအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မော်တော်ယာဉ်တွင် ရှေ့လေကာမှန်နှင့် ယာဘက်ရှေ့ဘီးတို့ ကျည်ထိမှန်ပျက်စီးခဲ့ပြီး ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေနံမ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ် သားပြည်သူ နှစ်ဦးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း

Ministry of Information / Posted on January 24, 2026

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023