မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအနီး၊ ပခုက္ကူ-မြိုင်ကားလမ်းဘေးရှိ စက်သုံးဆီဆိုင် မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / May 07, 2026

     ၂၀၂၆ ခုနှစ်၊ မေ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၉ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ ချောက်ကန်ကျေးရွာအနီး၊ ပခုက္ကူ-မြိုင်ကားလမ်းဘေးရှိ ပိုင်ရှင် ဦးလှစိုး(၇၀)နှစ်၏ “ရွှေကမ္ဘာ” စက်သုံးဆီဆိုင်၌ 92 ဓာတ်ဆီပီပါမှ ပလတ်စတစ်ပုံးအတွင်းသို့ လက်လှည့်ပန့်ဖြင့် ဆီဖလှယ်စဉ် သဘာဝတည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပခုက္ကူခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၁၃ စီးဖြင့် Foam ဆေးရည် ၉၅ ဂါလန်၊ 3 Kg မီးသတ်ဆေးဗူး ၁၀ ဘူး၊ 35 Kg မီးသတ်ဆေးဘူး တစ်ဘူးတို့အား အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ 92 ဓာတ်ဆီ ၂၅၀ ဂါလန်၊ ရိုးရိုးဒီဇယ် ၁၀၀ ဂါလန်၊ သုံးဘီးဆိုင်ကယ် တစ်စီး၊  ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ အကာမပါ အဆောက်အအုံ တစ်လုံး၊ ၄၀ x ၄၀ ပေ၊ သွပ်မိုး၊ ထရံကာ အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်၏သားဖြစ်သူ အောင်ကိုကိုဌေး အား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

Union Civil Service Board / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (မန္တလေးတိုင်းဒေသကြီးစာစစ်ဌာန)

Video