မကွေးမြို့နယ် မယ်လှတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း


Ministry of Cooperatives and Rural Development/ Naypyitaw / December 15, 2025
image_latest


မကွေးမြို့နယ် မယ်လှတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း

‎********************************

‎‌မကွေး     ဒီဇင်ဘာ       ၁၅

‎‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မယ်လှတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ရန် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပရဟိတစိတ် အပြည့်ဖြင့် သမာသမတ်ကျကျဆောင်ရွက်နိုင်မည့်သူများကိုသာ ရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

‎‎ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာသူ/သားများ၏ တာဝန်ဝတ္တရားများ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

‎‎ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ‌ရပ်မိရပ်ဖများနှင့် ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023