မန္တလေးငလျင်ကြီးကြောင့် တိုက်ပိတိုက်ပြားပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများပေးအပ်
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိတိုက်ပြားပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများပေးအပ်
Ministry of Information/ Naypyitaw / July 06, 2025

နေပြည်တော် ဇူလိုင် ၅
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် တိုက်ပိတိုက်ပြားပျက်စီးခဲ့ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် အိမ်သုံးပစ္စည်းများကို ယမန်နေ့က သက်ဆိုင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့သည့် Sharp နှင့် Hisense ရေခဲသေတ္တာ ၁၅ လုံး Hisense 32" TV ၁၅ လုံး၊ Alpha ထမင်းပေါင်းအိုး ၁၅ လုံး၊ panda လျှပ်စစ်ရေနွေးအိုး ၁၅ လုံး၊ penzil လျှပ်စစ်ဟင်းချက် အိုး ၁၅ လုံးနှင့် Samsonic လျှပ်စစ်မီးပူ ၁၅ လုံး တို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၂၆) ယာယီစခန်းရှိ ဝန်ကြီးရုံး ဝန်ထမ်းမိသားစုများ၊ ဆည်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ယာယီစခန်းရှိ စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းမိသားစုများ စုစုပေါင်းမိသားစု ၂၈ စုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လက်ဝယ်အရောက် လိုက်လံပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on July 04, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Union Civil Service Board / Posted on July 03, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)