မန္တလေးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ကျေးရွာ (၁၆) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

Ministry of Cooperatives and Rural Development/ Naypyitaw / April 27, 2026
image_latest

မန္တလေးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ကျေးရွာ (၁၆) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

မန္တလေး  ဧပြီ  ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၁၃)မြို့နယ်မှ ကျေးရွာ (၁၆)ရွာတွင် ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၂၄၀၀၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေ၊ လုပ်အားများဖြင့် ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျောက်ဆည်မြို့နယ်မှ ရှမ်းတောင်ဦးကျေးရွာ၊ စဉ့်ကိုင်မြို့နယ်မှ ထန်းသုံးပင်ကျေးရွာ၊ မြစ်သားမြို့နယ်မှ ကင်းစိန်ဈေး(ရ)ကျေးရွာနှင့် ခန္တီလေးကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်မှ ပေါက်သစ်ကျေးရွာ၊ ညောင်းဦးမြို့နယ်မှ ကူရွာကျေးရွာနှင့် ရှင်မိန်ကျေးရွာ၊ မလှိုင်မြို့နယ်မှ ရေချိုဘူတာကျေးရွာနှင့် ကြိုးကြာဥကျေးရွာ၊ မိတ္ထီလာမြို့နယ်မှ ပန်းတင်ကျေးရွာ၊ ဝမ်းတွင်း မြို့နယ်မှ အုပ်နှဲကျေးရွာ၊ သာစည်မြို့နယ်မှ ရွှေလှံ(မ)ကျေးရွာ၊ ပျော်ဘွယ်မြို့နယ်မှ ဖက်တောကျေးရွာ၊ ရမည်းသင်း မြို့နယ်မှ ချောင်းဖျားကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်မှ တောတွင်ကျေးရွာ၊ အမရပူရမြို့နယ်မှ ငယ်တိုးကျေးရွာ တို့ဖြစ်ပြီး ယခုအချိန်တွင် ကျေးရွာများ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပို့ချ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှာ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကိုမိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီးနှစ်စဉ် စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေးအစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း" မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးအောင်မျိုးလွင်ကပြောပြသည်။

စိုးမိုးကျော်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။

Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

Video