မမေ့မလျော့သောအပ္ပမာဒတရားဖြင့် သာသနာကိုချီးမြှောက်ထောက်ပံ့
မမေ့မလျော့သောအပ္ပမာဒတရားဖြင့် သာသနာကိုချီးမြှောက်ထောက်ပံ့
Ministry of Information/ Naypyitaw / January 24, 2026
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ စာမေးပွဲကြီးတွင် အရှင်ဝိစိတ္တသာရ၊ သက်တော်(၅၁)နှစ်၊ သိက္ခာတော်(၃၁)ဝါ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက တိပိဋကဓရတိပိဋကကောဝိဒ(၁၈)ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်) မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်နှစ်မှ စတင်ကျင်းပခဲ့ရာ ယခုအချိန်အထိ (၇၈)ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်မှ (၇၇)ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် (၁၇)ပါးပေါ်ထွန်းခဲ့ရာ (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် (၁၇)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်တစ်ပါးပေါ်ထွန်းခဲ့သည်။ နှစ်မခြားဘဲ ယခု ၁၃၈၇ ခုနှစ်(၂၀၂၆ ခုနှစ်) (၇၈)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒစာမေးပွဲကြီးတွင် (၁၈)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါးပေါ်ထွန်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၌ သာသနာရောင်ဝါ ထွန်းလင်းတောက်ပနေသည်ကို ကြည်ညိုနိုင်သည်။
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာသောအား ကိုယ်မှာထားကြလျက် အာဂုံအရကျက်မှတ်၍ ပြန်ဆိုတော်မူခဲ့ကြသော သုံးပုံပိဋက ပရိယတ္တိသာသနာတော်သည် သုံးလောကထွတ်တင်သဗ္ဗညုဘုရားရှင်၏ သာသနာသုံးရပ်တွင် အရင်းမူလပဓာနဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လေးဆယ့်ငါးဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် ပိဋကသုံးသွယ်နိကာယ်ငါးရပ် အဆုံးအမတရားတော်မြတ်များဖြစ်ကြ၍ ထိုအဆုံးအမတရားတော်များ စဉ်ဆက်မပြတ်ပြန့်ပွားစည်ပင်ရေးသည် ရဟန်းသံဃာတို့၏ တာဝန်နှစ်ရပ်တွင် ဂန္ထဓုရတာဝန်ဖြစ်ပေသည်။ မြတ်စွာဘုရား၏ အဆုံးအမတရားတော်မြတ်ဟူသော ပရိယတ္တိသာသနာ ဆိတ်သုဉ်းပျောက်ကွယ်ပါက လက်တွေ့ကျင့်ကြံကြိုးစား အားထုတ်မှုဖြစ်သည့် ပဋိပတ္တိသာသနာတော်သည်လည်း ထင်ရှားဖြစ်ပေါ်လာနိုင်ခြင်းမရှိပေ။
ပဋိပတ္တိသာသနာတော် လမ်းစမှေးမှိန်သွားပါကလည်း မဂ်ဖိုလ်နိဗ္ဗာန်ကိုထိုးထွင်း၍ သိမြင်နိုင်မှု ပဋိဝေဓသာသနာတော် အကျိုးမြတ်သည်လည်း ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးရပ် သန့်ရှင်းတည်တံ့တိုးတက်ပြန့််ပွားရေးသည် ပရိယတ္တိသာသနာတော်အပေါ် အခြေခံလျက် တည်မှီနေပေသည်။ သာသနာ့အာဇာနည် အရှင်မြတ်တို့၏ ထက်သန်သော ဆန္ဒ၊ တက်ကြွသော ဝီရိယ၊ ခိုင်ကျည်သော စိတ္တ၊ နက်နဲသော ဝီမံသတည်းဟူသော အဓိပတိတရားလေးပါး လက်ကိုင်ထားကြလျက် သင်ယူကျက်မှတ်လေ့လာ ဆည်းပူးအားထုတ်အပ်သည့် ပရိယတ္တိကျမ်းဂန်များသည် လူနတ်ဗြဟ္မာသတ္တဝါ ဝေနေယျအများတို့အား မဂ်ဖိုလ်နိဗ္ဗာန် အကျိုးစီးပွားအစစ်အမှန်ကို ဧကန်ရစေနိုင်မည့် တရားတော်များဖြစ်သည့်အပြင် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ကြောင်း အထောက်အပံ့ကောင်းပင်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်ကြ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ပေသည်။
အာဂုံပြန်ဆို ရေးဖြေဖြေဆိုတော်မူခဲ့ကြသော သာသနာ့အာဇာနည်အရှင်သူမြတ်တို့သည် ကျမ်းမြတ်ပိဋကတ်တို့ကို နှုတ်တက်အာဂုံအရဆောင်တော်မူကြခြင်း၊ ကျမ်းမြတ်ပိဋကတ်တို့၏ အဋ္ဌကထာဋီကာ စသည့်ကျမ်းဂန်တို့ကို နှံ့စပ်အောင်လေ့လာဆည်းပူးခြင်းဖြင့် လျှို့ဝှက်ခက်ခဲနက်နဲသော ဝိနိစ္ဆယတို့ကို မြတ်စွာဘုရားရှင်၏ အလိုတော်ကျ ပြတ်ပြတ်သားသားပိုင်းခြားချဲ့ထွင် သိမြင်တော်မူကြ၍ အနာဂတ်သာသနာတော်၏တာဝန်ကို အားသွန်ကြိုးပမ်းထမ်းဆောင်နိုင်ကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကတ်ကျမ်းစာများကို အာဂုံဖြေဆိုတော်မူနိုင်ခဲ့ကြသည့် အရှင်သူမြတ်များ၏ သူတော်ကောင်းတရားများကို နာကြားရရုံမျှမက ဝေနေယျများအနေဖြင့် အလွန်ရခဲသော အခွင့်အခါကောင်းကိုရကြပြီဟု နှလုံးသွင်းကြရမည်ဖြစ်သည်။ ရခဲလှသည့်ဒုလ္လဘတရားများကို ရရှိနေသည့်အချိန်တွင် မမေ့မလျော့သောအပ္ပမာဒတရားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို အားပေးချီးမြှောက်ထောက်ပံ့ရင်း နိဗ္ဗာန်မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမှုကုသိုလ်များ ပွားများအားထုတ်နိုင်ကြပါစေကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on January 23, 2026
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Ministry of Information / Posted on January 23, 2026
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း
Ministry of Information / Posted on January 23, 2026
၁။ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-I တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
