မိုးစပါးထွန်ယက်စိုက်ပျိုးမည့် တောင်သူများအား စတုတ္ထအကြိမ် စက်သုံးဆီဖြန့်ဖြူးရောင်းချ
မိုးစပါးထွန်ယက်စိုက်ပျိုးမည့် တောင်သူများအား စတုတ္ထအကြိမ် စက်သုံးဆီဖြန့်ဖြူးရောင်းချ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 21, 2026
ဘားအံ - မေ (၂၁)
ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ DENKO 2 ဆီဆိုင်တွင် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ယခုကဲ့သို့ဖြန့်ဖြူးရောင်းချပေးခြင်းသည် မိုးစပါးအတွက် စတုတ္ထအကြိမ်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး စိုက်ပျိုး တောင်သူများရေပြည့်ဝစွာရရှိရေးရေတင်နိုင်ရန်၊ မိုးစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး မြေယာထွန်ယက် ပြုပြင်နိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကာ တောင်သူတစ် ဦးလျှင် စက်သုံးဆီ ၅ ဂါလန်နှုန်းဖြင့် ကျေးရွာပေါင်း ၁၉ ရွာမှ တောင်သူ ၃၈၀ ဦး၏ စိုက်ဧက ၉၅၀ ဧကအတွက် စက်သုံးဆီ ၁၉၀၀ ဂါလံကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
တောင်သူလယ်သမားများ စိုက်ပျိုးရာသီတွင် အဆင်ပြေချောမွေ့စွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ် အစိုးရ၏အစီအစဉ်ဖြင့် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်များအလှည့်ကျပူးပေါင်း၍ရောင်းချပေးခြင်းဖြစ်ပြီး ယနေ့ထိ စက်သုံးဆီ ဒီဇယ်၊ဓာတ်ဆီ စုစုပေါင်း ၅၄၅၀ ဂါလံကျော်ကို တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
Ministry of Ethnic Affairs / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း