မိုးညှင်းမြို့၌ အောင်သပြေရပ်ကွက်နှင့် နန့်ပုတ်ကျေးရွာချင်းဆက်လမ်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း စစ်ဆေး
မိုးညှင်းမြို့၌ အောင်သပြေရပ်ကွက်နှင့် နန့်ပုတ်ကျေးရွာချင်းဆက်လမ်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 15, 2025
မိုးညှင်း ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နှင့် နန့်ပုတ်ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောခင်းခြင်းလုပ် ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၁ဝ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိသဉ္ဇာကျော်ဦးဆောင်သည့် တာဝန်ရှိသူများက ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၂၉ ဒသမ ၉၅၄ သန်းဖြင့် မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်နေသည့် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်နှင့် နန့်ပုတ်ကျေးရွာချင်းဆက်လမ်း အရှည် ၆ ဒသမ ၆ဖာလုံ၊ အကျယ် ၁၈ ပေနှင့် ထု၆ လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးပြီးနောက် ခရိုင်ဦးစီးမှူးက သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ပြည့်မီခြင်းရှိ၊ မရှိနှင့် သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးကောင်းမွန်စွာ အမြန်ပြီးစီး ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို သြဂုတ်ပထမပတ်မှစတင်ပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာမှ တာဝန်ယူဆောင် ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ ၆ဝ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နှင့် ရာနှုန်းပြည့် ပြီးစီးသွားပါက အောင်သပြေရပ်ကွက်နှင့် နန့်ပုတ် ကျေးရွာမှ အိမ်ခြေ ၆၁၉ အိမ်၊ လူဦးရေ ၃၂၂ဝ ဦးတို့အတွက်ရာသီမရွေး အဆင်ပြေချောမွေ့စွာဖြင့် အချိန်တိုအတွင်း သွားလာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(ဝဲပုံ) (ရွှေမိုးညှင်း)
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 15, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၃/၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 14, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၂/၁၃-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 13, 2025
