မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယုတ်မာပက်စက်စွာ FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များ ထပ်မံထုတ်ပြန်


Ministry of Information/ Naypyitaw / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးမှလည်း ကန့်ကွက်ရှုတ်ချလျက်ရှိကြရာ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ယနေ့တို့တွင်လည်း ညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြစ်ကြီးနားမြို့ရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း (၃) ခုနှင့် ဝတ်ပြုကျောင်းတော်များ၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ်၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း အောက်ပါအတိုင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on February 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Revenue Appellate Tribunal / Posted on February 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on February 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Video