မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂၆ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့


Ministry of Information/ Naypyitaw / February 22, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၂၆ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး  ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀  ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၁၁၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၄၃၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၂၁၁၁ ဦးသည်  တရုတ်၊ အင်ဒိုနီး ရှား၊ ဗီယမ်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယားနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း

Naypyitaw Development Committee / Posted on February 21, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း

Naypyitaw Development Committee / Posted on February 21, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၂-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း

Revenue Appellate Tribunal / Posted on February 20, 2025

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၂-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023