မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 10, 2026
ဘားအံ - မေ (၁၀)
နိုင်ငံတော်၏တည်ဆဲဥပဒေများ၊ အခါအားလျှော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားစာများကို လေးစားလိုက် နာပြီး ကျင့်ဝတ်နှင့်အညီဝန်ဆောင်မှုပေးနိုင်ရေး၊ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အသင်းသားများအရည် အသွေးမြင့်မား၍ အများပြည်သူအား ယုံကြည်စိတ်ချရသည့်ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)၏ အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးနှင့်၂၀၂၆-၂၀၂၉ ခုနှစ်သက်တမ်း ကာလအတွက် အလုပ်အမှုဆောင်၊ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ Hotel Perfect Hpa-an ၌ ကျင်းပသည်။
အဆိုပါနှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ဆွေ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း(ကရင်ပြည်နယ်)ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဦးဇော်ဌေးတို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)ဥက္ကဋ္ဌ ဦးသန့်ဇင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အလုပ်အမှုဆောင်ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ(၂၀၂၅)၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းတို့ကို အသင်းတာဝန်ရှိသူများက ဖတ်ကြားတင်ပြပြီး ၂၀၂၅-၂၀၂၆ ခုနှစ် အသင်းသားများမှ အသင်းရန်ပုံငွေထည့် ဝင်ခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ တာဝန်ရှိသူတစ်ဦးက ကရင်ပြည်နယ်အသင်းသားစုံညီနှစ်ပတ် လည်အစည်းအဝေးပွဲ ကျင်းပနိုင်ခြင်းအတွက် ဝမ်းမြောက်ပီတိစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)၏ ၂၀၂၆-၂၀၂၉ သက်တမ်းကာလအတွက် အလုပ် အမှုဆောင်၊ အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပရာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ရွေးချယ်တင်မြှောက်ပွဲကော်မရှင် သဘာပတိအဖြစ်ဆောင်ရွက်၍ (ဗဟို)ဒုတိယဥက္ကဋ္ဌ၊ (ဗဟို) တွဲဖက်အထွေထွေအတွင်းရေးမှူးတို့က ရွေးချယ်တင်မြှောက်ပုံနည်းစနစ်အား အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ကရင်ပြည်နယ်)၏ နာယကများ၊ အမှုဆောင်ကော်မတီဥက္ကဋ္ဌသစ်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးများ စသည်ဖြင့် အလုပ်အမှုဆောင်(၁၉)ဦးနှင့် အမှုဆောင်(၁၉)ဦးတို့ကို ရွေးချယ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြပါသည်။



Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Ministry of Finance and Revenue / Posted on May 08, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Revenue Appellate Tribunal / Posted on May 07, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
Union Civil Service Board / Posted on May 07, 2026
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
