မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
Ministry of Cooperatives and Rural Development/ Naypyitaw / April 07, 2026
မြန်အောင် ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကို ဧပြီ ၄ ရက်နေ့ နေ့လည်က မြို့နယ်သမဝါယမအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဧရာဝတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း က မြန်အောင်မြို့နယ်အတွင်း ကျေးရွာ(၁၈)ရွာရှိ ဆီထွက်သီးနှံမြေပဲစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများအား အထွက်တိုးမျိုး(မိုးမြေပဲ)နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက မြို့နယ်အတွင်းမြေပဲ စိုက်ပျိုးမှု၊ အထွက်နှုန်းအခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူတို့က အထွက်တိုးမျိုး(မိုးမြေပဲ)နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျေးရွာ ၁၈ ရွာရှိ သမဝါယမအသင်းသား တောင်သူ(၁၃၀)ဦး၏ မြေပဲစိုက်ဧက(၂၆၀)အတွက် (သတ္တမအကြိမ်) တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေ ကျပ်သိန်း(၇၈၀)ဖြင့် တစ်ဧကလျှင် ကျပ် ၃ သိန်းနှုန်းနှင့်ညီမျှသော အထွက်တိုးမျိုး (မိုးမြေပဲ)နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)
ဧရာဝတီတိုင်းဒေသကြီး
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။