မြို့သစ်မြို့နယ်အတွင်း မိုးစပါးနှင့် မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု


Ministry of Cooperatives and Rural Development/ Naypyitaw / September 16, 2025
image_latest


မြို့သစ် စက်တင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ယင်းနားကုန်းစိုက်/ထွေသမဝါယမအသင်းသားတောင်သူများ ၏ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်စည်တော်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူ များ၏ မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှုအခြေအနေများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်​။

ထိုသို့ ကွင်းဆင်းစစ်ဆေးပြုလုပ်ရာတွင် မြို့သစ်မြို့နယ်အတွင်း သက်တန့်ရောင်စီမံကိန်းဖြင့် မိုးစပါး စိုက်ဧက(၁၈၀)အတွက် တစ်ဧကလျှင်(၃၀၄၅၀၀)နှုန်းဖြင့် ပံ့ပိုးပေးထားသော ယင်းနားကုန်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားဦးထွန်းအေး၏ မိုးစပါး(အောင်နိုင်တိုး)စိုက်ပျိုးထားသော စိုက်ကွက်သို့ ကွင်းစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကာလ အလိုက်သုံးစွဲရမည့် သွင်းအားစုများအား အချိန်မီသုံးစွဲရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိရေး ကြိုတင်သတိပြု ဆောင်ရွက်ရန်နှင့် သက်တံ့ရောင်စီမံကိန်းဖြင့် ပံ့ပိုးပေးထားသော ရန်ပုံငွေများအား ညွှန်ကြားချက်နှင့်အညီ သုံးစွဲဆောင်ရွက်ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့သစ်မြို့နယ် သမဝါယမအသင်းစုမှအထွက်တိုးမျိုးများဖြစ်သော TBL195, B31, Raka666 မျိုးများ ဖြန့်ဖြူးပေးထားသော အောင်စည်တော်စိုစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၏ မိုးနှောင်းဝါစိုက်ဧက(၄၀၀)အနက် အသင်းသားဦးမောင်စိုး၏ TBL195 မိုးနှောင်းဝါစိုက်ခင်းအား ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ မြို့သစ်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး(၂၄၀၀)ဧကနှင့် မိုးနှောင်းဝါ(၃၅၀၀)ဧကတို့အား သမဝါယမကဏ္ဍမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Commissions & Committees / Posted on September 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on September 15, 2025

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on September 15, 2025

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023