ရက်ပေါင်း(၁၀၀)စီမံချက်ဖြင့် ကရင်ပြည်နယ်၌ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 13, 2026


ဘားအံ မေ ၁၃

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အပေါ် ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ပေးအပ်ပွဲကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ပေးအပ်လိုက်သော စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ တစ်ဦးချင်းလက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိအောင် ထုတ်ပေးစေလိုပြီး တောင်သူများအနေဖြင့်လည်း မိမိတို့၏လယ် ယာလုပ်ငန်းတွင် အကျိုးရှိစွာပြန်လည်အသုံးချ၍ သီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် အပြည့်အဝပြန်လည်ပေးဆပ်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ် ချေးရေးနှင့်ပတ်သက်၍သိသင့်သိထိုက်သည့်အချက်များကိုရှင်းလင်းပြောကြားပြီးမြန်မာ့အာမခံလုပ်ငန်းပြည်နယ်မန်နေဂျာ က ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာတို့က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးခဲ့ကြသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ငွေကြေးအရင်းအနှီးအခက်အခဲ မရှိစေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)ကာလအတွင်းယခင်ကထက်(၂)ဆတိုးမြှင့်ထုတ်ချေးပေးသွား မည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၆ မိုးချေးငွေကို ကျပ် ၄၀၆၃၅ သိန်းအထိ တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ကာ ယနေ့တွင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘားအံခရိုင်ဘဏ်ခွဲက ဘားအံမြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၅)အုပ် စု၊ တောင်သူ(၁၆၀)ဦး၏ စိုက်ဧက(၉၂၃)ဧကအတွက် စုစုပေါင်းငွေကျပ် ၂၇၆၉ သိန်းကို စနစ်တကျထုတ်ချေးပေးခဲ့ သည်။

ထိုသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘားအံခရိုင်ဘဏ်ခွဲ၏ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးနေ မှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ကို ခုတင်(၃၀၀)သို့ အဆင့်မြှင့်တင်ခဲ့သည့်အခြေအနေများအား ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါဆေးရုံ (၃)ထပ်တိုးချဲ့လူနာဆောင် အပေါ်ထပ်ခန်းမ၌ ကျင်းပရာ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်က ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ ပြည်နယ်အတွင်းရှိမြို့နယ်များအပြင်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့မှ လူနာများလာရောက်ဆေးကုသမှုခံယူသည့်အခြေအနေ၊ ဆေးရုံသမိုင်းအကျဉ်း၊ ဆေးရုံအဆောက်အဦများနှင့်ဝန်ထမ်းနေအိမ်အဆောက်အဦများ၏အခြေအနေ၊ ခွင့်ပြုခုတင်အလိုက်ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဖွဲ့စည်းပုံအရထပ်မံရောက်ရှိလာမည့်အထူးကုဘာသာရပ်များ၊ ထပ်မံလိုအပ်မည့်ဆေးကု သဆောင်နှင့်ဝန်ထမ်းအိမ်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ကျောက်ကပ်သွေး သန့်စင်ဌာနတွင်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး၍ ဆေးရုံအုပ်ကြီးနှင့်အထူးကုဆရာ ဝန်ကြီးတို့၏ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Video