ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / April 05, 2026
image_latest


နေပြည်တော် ဧပြီ ၅

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများတိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း/ဝယ်သူများသည် စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်းသည့် လမ်းကြောင်းများအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။

၂၀၂၆ခုနှစ်၊ ဧပြီလ ၄ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရမည်းသင်းမြို့မှ ပဒါန်းမြို့သို့ မူးယစ်ဆေးဝါးများပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ တရားခံမျိုးမင်းအောင်နှင့်အတူ TOYOTA PRADO ယာဉ်အားလည်းကောင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီး၌ တရားခံ မင်းမင်းခိုင် မောင်းနှင်၍ လှိုင်ဝင်းလိုက်ပါလာသည့် ထော်လာဂျီယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၃၉ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်းပြား ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး၊ မော်တော်ယာဉ် ၂ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်း ပြား(၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ပင်လောင်းမြို့နယ်၊ တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)မှ ဝမ်ဟိုင်းဒေသရှိ မူးယစ်ဆေးဝါးများအား ၎င်း၏အစီအစဉ်ဖြင့် ကလောမြို့နယ်၊ ဘွန်ယွာကျေးရွာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)၏ ခိုင်းစေချက်ဖြင့် မျိုးမင်းအောင်၊ မင်းမင်းခိုင်နှင့် လှိုင်ဝင်း တို့မှ ဖမ်းဆီးရမိ ထော်လာဂျီယာဉ်ဖြင့် ဘွန်ယွာကျေးရွာမှတစ်ဆင့် ရမည်းသင်း- ပျော်ဘွယ်-နတ်မောက်- မကွေးလမ်းကြောင်းအတိုင်း ပဒါန်းမြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ပဒါန်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ AAသောင်းကျန်းသူအဖွဲ့ မြို့နယ်မှူးအဆင့်ရှိ(စိစစ်ဆဲ)ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Ministry of Electric Power / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Video